Sunday, June 6, 2010

နွေးထွေးရနံ့ ဖူးပွင့်စေ
*
ကလေးဘ၀၊ နုနယ်လှချိန်
မမျှဝန်ထမ်း၊ ထမ်းမပိုးသင့် ။
ကလေးဘ၀၊ စွမ်းမရချိန်
ဖေးမထောက်ချင့်၊ သနားသင့်၏ ။
ကလေးဘ၀၊ ကြီးမထခင်
ဒုက္ခထွေထွေ၊ မရောက်စေသင့် ။
ဒုက္ခသွယ်သွယ်၊ တို့ အလယ်မှ
စပယ်လေးတွေ၊ မွေးစေ ကြိုင်စေ
လှပစေရေး၊ မျှလှူပေး၍
နွေးထွေးရနံ့  ဖြာစေသတည်...။။
*
ယုဇန ( ကျောက်ဖြူ )















statistique

Modified by

Tayzaryarma School

TOP